“Design တစ်ခုရဖို့ ၃ ခါလောက် ပြင်ရတယ်” ဆိုတာ စိတ်ပျက်စရာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ရဲ့ တာဝန်ယူမှုပါ။ ရွှေထည်တစ်ခုကို နည်းပညာနဲ့ ပုံဖော်တဲ့နေရာမှာ အသေးစိတ်ကျဖို့က အသက်ပါ။
“ဆရာ… ဒီနေရာလေး နည်းနည်း ပြင်ချင်သေးတယ်” “ဆရာ… Design က လှတော့လှတယ်၊ ဒါပေမဲ့ တစ်မျိုးလေး ဖြစ်နေမလားလို့” ဒီလိုစကားမျိုးတွေကြားရတိုင်း ကျွန်တော်တို့ ဝမ်းသာပါတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ စိတ်တိုင်းကျပြီး အပြည့်အစုံဆုံးဖြစ်မယ့် ရလဒ်တစ်ခုကို လိုချင်မှန်း သိလို့ပါ။ 3D Jewellery Design တစ်ခုဟာ ဖန်သားပြင်ပေါ်မှာတင် မဟုတ်ဘဲ လက်တွေ့ ထုတ်လုပ်တဲ့အခါမှာပါ အပြစ်ပြောစရာမရှိအောင် ခေတ်မီတဲ့ နည်းပညာ (Matrix/Rhino) တွေနဲ့ စနစ်တကျ ပုံဖော်ပေးရတာပါ။
Design တစ်ခုရဖို့ ၃ ခါမကလို့ ၁၀ ခါ ပြင်ရပါစေ… လူကြီးမင်းတို့ စိတ်တိုင်းကျတဲ့အထိ ကျွန်တော်တို့ဘက်က စိတ်ရှည်လက်ရှည်နဲ့ အချိန်မှန်ပြီးအောင် တာဝန်ယူပေးပါတယ်။ ပညာရပ်ကို ဦးစားပေးပြီး လက်တွေ့နယ်ပယ်မှာ အလုပ်ဖြစ်မယ့် အသက်မွေးဝမ်းကျောင်းအတတ်ပညာတွေအတွက် AAA က အမြဲရှိနေမှာပါ။ စိတ်တိုင်းကျတဲ့အထိ ဝန်ဆောင်မှုပေးဖို့ အသင့်ပဲမို့ အခုပဲ ဆက်သွယ်လိုက်ပါ။
ဒါ့အပြင် နောက်ထပ် သတင်းကောင်းတစ်ခုကတော့ ဒီလို ခေတ်မီဆန်းသစ်တဲ့ 3D Jewelry Design တွေကို ကိုယ်တိုင်ဖန်တီးရေးဆွဲချင်သူများအတွက်လည်း AAA မှာ “3D Jewelry Design သင်တန်း” ဖွင့်လှစ်ပေးထားပါတယ်။ ရွှေဆိုင်လုပ်ငန်းခွင်ဝင်လိုသူတွေ၊ ကိုယ်ပိုင်ဒီဇိုင်း ဖန်တီးချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။
သင်တန်းနေရာ: AAA စက်ပန်းတိမ် (၁) – No. (128) 39 လမ်း, 81 x 82 ကြား, ရွှေလသာဆေးခန်း ဘေးလမ်းကြား, မန္တလေးမြို့ AAA 3D Jewellery & စက်ပန်းတိမ် (၂) ၃၉ လမ်း / ၈၉ C ထောင့်၊ မန္တလေးမြို့။
ဆက်သွယ်ရန်: 09-447660221, 09-888863960
