April 25, 2026

သူများနဲ့မတူတဲ့ တစ်ခုတည်းသော “ကိုယ်ပိုင် Design” လေးကိုမှ ဝတ်ချင်တဲ့ သည်းလေးတို့အတွက်… စိတ်ကူးထဲက ရတနာလေးကို အလှဆုံး အသက်သွင်းပေးမယ့် နေရာလေးကို ညွှန်ပေးမယ်နော်!

Pinterest ထဲက ပုံလှလှလေးတွေ၊ ဒါမှမဟုတ် ကိုယ့်စိတ်ကူးထဲက ပုံစံဆန်းဆန်းလေးတွေကို သဘောကျပေမယ့် အပြင်မှာ သွားအပ်တဲ့အခါ ပုံစံမတူမှာ၊ လက်ရာမသေသပ်မှာ စိတ်ပူနေရတယ် မဟုတ်လားရှင့်?

AAA စက်ပန်းထိမ်မှာဆိုရင်တော့ အဲ့ဒီလို စိတ်ပူစရာ လုံးဝ (လုံးဝ) မလိုတော့ဘူးနော်။ ကိုယ်လိုချင်တဲ့ ပုံစံလေးကို ပြပေးရုံနဲ့ အဆင့်မြင့် 3D နည်းပညာကို အသုံးပြုပြီး ကွန်ပျူတာနဲ့ အရင်ဆုံး ပုံကြမ်း (3D Design) ဆွဲပြပေးတာမို့… သည်းလေးတို့ စိတ်ကူးထဲကအတိုင်း တစ်ထပ်တည်းကျတဲ့အထိ စိတ်ကြိုက် အတိအကျ ပြင်ဆင်လို့ရပါတယ်ရှင့်။

ဒီဇိုင်းကို စိတ်တိုင်းကျပြီဆိုမှ စက်ပန်းထိမ်နည်းပညာနဲ့ ဆက်လက်ပုံဖော်ပေးတာမို့ ကျောက်စီလက်ရာကအစ အသေးစိတ် သေသပ်လှပပြီး Quality ပိုင်းကတော့ အထူးပြောစရာတောင် မလိုအောင် ရှယ်မိုက်နေမှာ သေချာတယ်နော်။

ကိုယ်ချစ်ရတဲ့သူကို Surprise တိုက်ချင်တာပဲဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကိုယ် လက်ဆောင်ပေးချင်တာပဲဖြစ်ဖြစ်… အခုပဲ ကိုယ်ကြိုက်တဲ့ ပုံလေးတွေပြပြီး မင်မင်တို့ရဲ့ Chat Box ကို အပြေးလေး လှမ်းလာခဲ့ဖို့ နွေးနွေးထွေးထွေး ဖိတ်ခေါ်လိုက်ပါတယ်ရှင့်။

သင်တန်းနေရာ: AAA စက်ပန်းတိမ် (၁) – No. (128) 39 လမ်း, 81 x 82 ကြား, ရွှေလသာဆေးခန်း ဘေးလမ်းကြား, မန္တလေးမြို့ AAA 3D Jewellery & စက်ပန်းတိမ် (၂) ၃၉ လမ်း / ၈၉ C ထောင့်၊ မန္တလေးမြို့။

ဆက်သွယ်ရန်: 09-447660221, 09-888863960

Leave a Reply

Your email address will not be published. Required fields are marked *