လက်နဲ့လုပ်တဲ့ ရတနာလေးတွေထက် စက်နဲ့ဖန်တီးတဲ့ ရတနာလေးတွေက ဘာကြောင့် ပိုပြီး ဝတ်ရတာ သက်တောင့်သက်သာဖြစ်ပြီး သေသပ်ရတာလဲဆိုတာ သည်းလေးတို့ သိချင်ကြလားရှင့်?
“AAA စက်ပန်းထိမ်” ကနေ ရတနာလေးတွေကို ဖန်တီးတဲ့အခါ ရိုးရိုးလက်ရာထက် အဆင့်မြင့် 3D + Casting (စက်ပန်းထိမ်နည်းပညာ) ကို ဘာကြောင့် ပိုပြီးရွေးချယ်သင့်လဲဆိုတဲ့ အချက်လေးတွေကို မင်မင်က မျှဝေပေးမယ်နော်…
- ကျောက်ပြုတ်ကျမယ့်အန္တရာယ် ကင်းဝေးခြင်း: ကျောက်မျက်ရတနာလေးတွေကို နေရာချတဲ့အခါ စက်နဲ့ အတိအကျ တွက်ချက်ပြီး စီခြယ်တာမို့ ပိုမိုခိုင်ခံ့ပြီး ကျောက်ကျွတ်ထွက်တာမျိုး လုံးဝ (လုံးဝ) မရှိနိုင်ပါဘူးနော်။
- ဝတ်ဆင်ရတာ ပိုမိုသက်တောင့်သက်သာရှိခြင်း: ရတနာလေးတွေရဲ့ မျက်နှာပြင်နဲ့ အချောသတ်မှုအပိုင်းကို စက်နဲ့လုပ်တဲ့အတွက်ကြောင့် လက်ရာပိုမိုပြောင်လက်ပြီး ဝတ်ဆင်တဲ့အခါမှာ အသားကို မကုတ်ဘဲ အရမ်းကို သက်တောင့်သက်သာ ဖြစ်စေပါတယ်ရှင့်။
- အချိန်ကုန်သက်သာပြီး မြန်ဆန်ခြင်း: ရှုပ်ထွေးတဲ့ ဒီဇိုင်းတွေကိုတောင်မှ အချိန်တိုအတွင်းမှာ အမြန်ဆုံး အကောင်အထည်ဖော်ပေးနိုင်လို့ အချိန်ကုန်အရမ်း သက်သာပါတယ်နော်။
ဒါ့အပြင် နောက်ထပ် သတင်းကောင်းတစ်ခု ရှိသေးတယ်နော် သည်းလေးတို့ရေ…
ဒီလို ခေတ်မီဆန်းသစ်တဲ့ 3D Jewelry Design တွေကို ကိုယ်တိုင် ဖန်တီးရေးဆွဲချင်သူတွေအတွက် AAA မှာ “3D Jewelry Design သင်တန်း” လေး ဖွင့်လှစ်ပေးထားပါတယ်ရှင့်။
ရွှေဆိုင်လုပ်ငန်း လုပ်ကိုင်နေသူတွေပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်ဒီဇိုင်းလေးတွေ ဖန်တီးချင်သူတွေအတွက်ပဲဖြစ်ဖြစ် အရမ်းကို သင့်တော်တဲ့ သင်တန်းလေးမို့ အခုပဲ Join လိုက်ဖို့ တိုက်တွန်းပါရစေနော်။
သင်တန်းနေရာ: AAA စက်ပန်းတိမ် (၁) – No. (128) 39 လမ်း, 81 x 82 ကြား, ရွှေလသာဆေးခန်း ဘေးလမ်းကြား, မန္တလေးမြို့ AAA 3D Jewellery & စက်ပန်းတိမ် (၂) ၃၉ လမ်း / ၈၉ C ထောင့်၊ မန္တလေးမြို့။
ဆက်သွယ်ရန်: 09-447660221, 09-888863960
