ငွေကြေးဖောင်းပွမှုဒဏ်ကို မကြောက်ရဘဲ စိတ်အေးလက်အေး စုဆောင်းချင်တဲ့ မမတို့ ညီမလေးတို့အတွက် … ခေတ်ကာလအခြေအနေအရ ငွေတွေလက်ထဲထားရင် တန်ဖိုးကျမှာ စိုးရိမ်နေရတယ်မလား? သည်းလေးတို့ ကြိုးစားရှာဖွေထားတဲ့ ချွေးနည်းစာလေးတွေ တန်ဖိုးမပျက်ဘဲ ပိုတိုးပွားလာဖို့ဆိုရင် “ရွှေနဲ့ ငွေ” စုတာက အကောင်းဆုံးနည်းလမ်းပါပဲ။ AAA မှာဆိုရင် 24K (၉၉.၉%) အပြည့်အဝပါဝင်တဲ့ ရွှေတုံး၊ ငွေတုံးတွေကို အရည်အသွေး စံချိန်စံညွှန်းအပြည့်၊ အလေးချိန် တိတိကျကျနဲ့ ဝယ်ယူနိုင်ပါတယ်။
ဘာကြောင့် AAA မှာ ဝယ်စုသင့်တာလဲ? နည်းပညာအသစ် (Modern Tech) နဲ့ သေသေချာချာ ထုတ်လုပ်ထားလို့ အချိန်မရွေး ပြန်ရောင်းရင်လည်း ဈေးအပြည့်ရတယ်။ ရေရှည်အတွက် အသက်မွေးဝမ်းကျောင်း စုဆောင်းမှုအဖြစ် အားကိုးလို့ရတယ်။ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်တဲ့ ဆရာကိုယ်တိုင် စိတ်ချယုံကြည်ရအောင် တာဝန်ယူပေးထားလို့ပါ။
“ပညာတစ်ခုပါရင် ဘယ်သွားသွား မငတ်ဘူး” ဆိုသလိုပဲ၊ ကိုယ့်လက်ထဲမှာ ခိုင်မာတဲ့ ရွှေတုံး ငွေတုံးလေးတွေ ရှိနေတာကလည်း ဘဝအတွက် အကောင်းဆုံး Job Security တစ်ခုပါပဲနော်။ ကိုယ့်ရဲ့ အနာဂတ်အတွက် အခုပဲ စတင်ရင်းနှီးမြှုပ်နှံလိုက်ရအောင်။ ဒါ့အပြင် နောက်ထပ် သတင်းကောင်းတစ်ခုကတော့ ဒီလို ခေတ်မီဆန်းသစ်တဲ့ 3D Jewelry Design တွေကို ကိုယ်တိုင်ဖန်တီးရေးဆွဲချင်သူများအတွက်လည်း AAA မှာ “3D Jewelry Design သင်တန်း” ဖွင့်လှစ်ပေးထားပါတယ်ရှင်။ ရွှေဆိုင်လုပ်ငန်းခွင်ဝင်လိုသူတွေ၊ ကိုယ်ပိုင်ဒီဇိုင်း ဖန်တီးချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။
သင်တန်းနေရာ: AAA စက်ပန်းတိမ် (၁) – No. (128) 39 လမ်း, 81 x 82 ကြား, ရွှေလသာဆေးခန်း ဘေးလမ်းကြား, မန္တလေးမြို့ AAA 3D Jewellery & စက်ပန်းတိမ် (၂) ၃၉ လမ်း / ၈၉ C ထောင့်၊ မန္တလေးမြို့။ ဆက်သွယ်ရန်: 09-447660221, 09-888863960
